မူတြော်ခရိုင် တပ်မဟာ(၅) ဧ၊၊်ယခုလက်ရှိ ရပ်တည်မှုအပေါ် သတင်းသမားအချို့၊ နိုင်ငံရေး သမားအချို့ နှင့်ယခု လက်ရှိမြန်မာနိုင်ရေး ဆွေးနွေးပွဲအား စိတ်ဝင်စားသူ အချို.တို့က KNU မူတြော်ခရိုင်နှင့်(KNLA) တပ်မဟာ(၅) အပေါ်အမျိုးမျိုး ဝေဖန် နေ ကြပါသည်။
ဤကဲ့သို့ဝေဖန်ရာတွင် အချို.သောသူက ကဲ့ရဲ့သရော်သည့် သဘောဖြင့် ဝေဖန် သူ လည်း အချို့ရှိပါသည်။ အချို.ကမူတြော်ခရိုင်တပ်မဟာ(၅) မှတာဝန်ရှိပုဂ္ဂုလ်တို့အား နိုင်ငံရေး အမြင်ကျဉ်းမြောင်းပြီး တကွင်း တကွက် သာ ရှုမြင်တတ်သူ များဟု ဆိုပြီး ၀ါးလုံးခေါင်းထဲမှ လသာလူများအဖြစ်လည်းကောင်း၊ ၀က်လူး အိုင် ကိုဖါးသူငယ်လို ပင်လယ်သမုဒ္ဒရာကြီးဟု ထင်မြင်ယူဆကြောင်း စသည်ဖြင့် အမျိုးမျိုး ကဲ့ရဲ့ သရော် ကြသည်။မူတြော်ခရိုင် တပ်မဟာ(၅) ဧ။် ရပ်တည် မှု နှင့်ပတ်သက်၍ ဝေဖန်ချင်သူများ ဝေဖန် နိုင်ကြ ပါသည်။ ဝေဖန်သည်မှာဝေဖန်သူဧ။်အခွင့်အရေးသာဖြစ်ပါသည်။
မူတြော်ခရိုင်တပ်မဟာ(၅)သည်လည်းဤကဲ့သို့ရပ် တည်သည်မှာမိမိဧ။် အခွင့်အရေးသာဖြစ်သည့် အတွက် လည်းရပ်တည်၍ရပါသည်။မူတြော်ခရိုင် တပ်မဟာ(၅)ဤ ကဲ့သို့ရပ်တည်သည်မှာ(KNU)ဗဟိုခေါင်းဆောင် များအားအပစ်အခတ်ရပ်စဲရေး၊နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးပြုလုပ်သည်ကိုမလိုလား၍ကန့်ကွက်ဆန္ဒပြခြင်းမဟုတ်ပါ။(KNU)ခေါင်းဆောင်များနှင့်ဗမာ အစိုးရတို့အကြားအပစ်အခတ်ရပ်စဲရေး။ နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးရေုး ပြုလုပ်သည်ကိုမူတြော်ခရိုင်တပ်မဟာ(၅)မှတာဝန်ရှိပုဂ္ဂိုလ်များသဘောတူလက်ခံပြီးသား ဖြစ်ပါ။
ဤကဲ့သို့ရပ်တည်သည်မှာကန့်ကွက်ဆဒ္ဒပြခြင်း၊သဘောမတူလက်မခံခြင်းမဟုတ်ဘဲဗမာအစိုးရပ်အဆက်ဆက်မှနိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးခေါ်ယူပြုလုပ်တိုင်း(KNU)ဗဟိုခေါင်းဆောင် များ အလိမ် ခံခဲ့ရ ပါသည်။ ယခုအကြိမ်သည်လည်းအလိမ်မခံရဟုဘယ်သူမှတပ်အပ်မပြောနိုင်သေးပါ။ထို့ကြောင်ယခုအကြိမ်(KNU)ဗဟိုခေါင်းဆောင်းများအလိမ်မခံရစေရန်၊တွေ့ဆုံဆွေးနွေးသည့်အခါသတိကြီးကြီးထားရန်၊စိတ်ရှည်ပြီစကားအသုံးအနှုန်းမမှားရန်နှင့်အယုံမလွယ်ရန်အတွက်မူတြော်ခရိုင်၊တပ်မဟာ(၅)အနေအဖြင့် မိမိတို့ဧ။် လုပ်ပိုင် ခွင့်အခွင့်အရေးကိုသုံးပြုပြီးဗဟိုခေါင်းဆောင်တွေအတွက်အားရှိရန်ယခုလိုရပ်တည်ခြင်းသာဖြစ်ပါသည်။

No comments:
Post a Comment