Thursday, October 17, 2013

KNU ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ(၅)၏ ထုတ်ပြန်ကြေငြာချက်

ပြည်တွင်းငြိမ်း ချမ်းရေးဖေါ်ဆောင်ခြင်းနှင့် ပြည်တွင်း၌ လက်ရှိဖြစ်ပေါ်နေသောအခြေ...See More
မြန်မာပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ခြင်းနှင့် ပတ်သက်၍
KNU ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ (၅) ၏
ထုတ်ပြန်ကြေညာချက် Thursday, October 17, 2013

ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ခြင်းနှင့် ပြည်တွင်း၌ လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်၍ မူတြော်(ဖာပွန်)ခရိုင်/ တပ်မဟာ (၅) ၏သဘောထားရပ်တည်ချက်များကို ပြည်တွင်းပြည်ပ နှစ်ရပ်စလုံးရှိအများပြည်သူအပေါင်းတို့သိရှိနိုင်ရန်အ လို့ငှာ အောက်ပါကြေညာချက်ကိုထုတ်ပြန်လိုက်သည်။

(1) အများပြည်သူအားလုံး လိုလားတောင့်တနေသော စစ်မှန်သည့်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအ တွက် ကြိုးပမ်းဆောင်ရွက်နေကြသည့်အချိန်ကာလအတွင်း နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ အစည်းများအကြား ဆွေးနွေးညှိနှိုင်း၍ အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေကြသည်ကို မိမိတို့ KNU ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်/ တပ်မဟာ (၅) အနေနှင့် အပြည့်အှ ထောက်ခံလာခဲ့သည်သာမက တတ်စွမ်းသ၍လည်း အဖက်ဖက်မှ ကူညီပံ့ပိုးမှုများပြုလုပ်လာခဲ့သည်။

(2) တချိန်တည်းမှာပင် မြန်မာနိုင်ငံတွင်း အဓွန့်ရှည်သော ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင် ရွက်နေသည့်လုပ်ငန်းများကို တစုံတရာ နှောင့်ယှက်ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက်နာကျင်ေ ခင်းများ၊ ထိတ်လန့်ကြောက်ရွံ့စေခြင်းများကို မိမိတို့အနေန ၀့ ကျင် ကန့်ကွက်သည်။

(3) မြန်မာနိုင်ငံတွင်း အများပြည်သူအားလုံး လိုလားတောင့်တနေသောစစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ်ပေါ်ပေါက်လာသည်အထိ မိမိတို့ မူတြော်(ဖာပွန်)ခရိုင်/ တပ်မဟာ (၅) မှ KNU ကရင် အမျိုးသားအစည်းအရုံးဗဟိုဌာနချုပ်၏ ဦးဆောင်မှုအတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားမည် ဖြစ်သည်။

အလုပ်အမှုဆောင်ကော်မတီ
မူတြော်ခရိုင်
KNU ကရင်အမျိုးသားအစည်းအရုံး
ကော်သူးလေ

No comments:

Post a Comment

တမွံၯဟဲအိဢ္သကိး ထံကီဿ္ဖဲလဲဢ္

free counters